ရခိုင်မှာ တပ်မတော် အင်အားတိုးချ

အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားလာတဲ့ ရခိုင်ပြည်နယ်ကို တပ်မတော်အင်အား အလုံးအရင်းနဲ့ချထားဖို့ သြဂုတ် ၁၀ရက်မှာ စစ်တွေကိုရောက်လာကြတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

တပ်မတော်စစ်သည်အင်အား ၅၀၀ လောက် စစ်တွေရောက်လာကြပြီး ဘူးသီးတောင်၊မောင်တောနဲ့ ရသေ့တောင်ဒေသဘက်တွေဆီကို ဆက်လက်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်က ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းတစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပေမယ့် ဒီ့မတိုင်မီက နေပြည်တော်မှာ အတိုပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အထူးအစည်းအဝေးလုပ်ခဲ့ပြီး ရခိုင်မှာ လုံခြုံရေးတိုးမြှင့်ချထားဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းထွက် ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းမှာ မောင်တောနဲ့ ရသေ့တောင်မြို့နယ်များအတွင်း အကြမ်းဖက်သမားတွေက မြိုတိုင်ရင်းသားတွေကို သတ်ဖြတ်တာ၊လုံခြုံရေးတပ်ဖွဲ့တွေကို ၀ိုင်းဝန်းပိတ်ဆို့တာမျိုးတွေ လုပ်ဆောင် ခဲ့ကြပါတယ်။

adv_banner