ရခိုင်အရေး တပ်မတော်က ရခိုင်အမျိုးသားပါတီ ANP ခေါင်ဆောင်တွေကို ခေါ်ယူတွေ့ဆုံ

0
335

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တပ်မတော်က ရခိုင်အမျိုးသားပါတီ ANP ခေါင်ဆောင်တွေကို ခေါ်ယူတွေ့ဆုံ လိုက်ပါတယ်။

သြဂုတ်လ (၉) ရက်နေ့က နေပြည်တော်ရှိ ဘုရင်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေက ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ANP ပါတီ ခေါင်းဆောင်းတွေကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။

အဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးရေးတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုထဲမှာတော့ တပ်မတော်ဘက်က ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့ တက်ရောက်ခဲ့ကြတာပါ။

ရခိုင်အမျိုးသားပါတီ ANP ဘက်ကတော့ ဒေါက်တာ အေးမောင်နဲ့အတူ ANP ပါတီဗဟိုအလုပ်မှုဆောင်တွေ ဖြစ်တဲ့ ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ဦးဝေစိန်အောင်နဲ့ ဦးခင်မောင်လတ်တို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။