YBS အထူးယာဉ်မောင်း သင်တန်း အပတ်စဉ် (၂) ဆက်ဖွင့်မယ်

0
138

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) တို့ ပူးပေါင်းဖွင့်လှစ်တဲ့ YBS အထူးယာဉ်မောင်း သင်တန်း အပတ်စဉ် (၂) ကို သြဂုတ်လ ပထမပတ်အတွင်းမှာ ဆက်လက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အပတ်စဉ် (၁) ကို ဇူလိုင်လအတွင်းက YRTA ရုံးချုပ်မှာ စာတွေ့လက်တွေ့ ရက်သတ္တ ၃ ပတ်ကြာ သင်ကြားပေးပြီး ဖြစ်ပါတယ်။ လျှောက်ထားသူ ၄၀၀ ဦးအနက် ယာဉ်မောင်း ၁၀၄ ဦးကို အရင် တက်ရောက်ခွင့် ပြုခဲ့ပြီး ၈ ယောက်က လက်တွေ့ မအောင်မြင်သေးတဲ့အတွက် ဆက်လက် ဖြေဆိုရမှာ ဖြစ်တယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

သင်တန်းအောင်မြင်သူတွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ သင်ဆန်းဆင်းလက်မှတ် ထုတ်ပေးပါတယ်။

?bph6