ရန်ုကုန်က ပဲသွေး ၉၅ ရာခိုင်နှုန်းမှာ ဖော်မလင် ပါ

0
235

ရန်ကုန်တိုင်းအတွင်း ရောင်းချနေတဲ့ ပဲသွေး ၉၅ ရာခိုင်နှုန်းမှာ သုံးစွဲရန် ခွင့်မပြုထားတဲ့ ဖော်မလင်ပါနေလို့ ဖော်မလင်သုံးပြီး ဆက်ထုတ်နေရင် အရေးယူမယ်လို့ တိုင်းအစိုးရအဖွဲ့က အသိပေး ထုတ်ပြန်လိုက်ပါတယ်။

တိုင်းအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ကွင်းဆင်းစစ်ဆေးချက်အရ ပဲသွေးမှာ ဖော်မလင်သုံးပြီး ထုတ်ထားတာ တွေ့ရတာဖြစ်ပြီး အမဲသွေးသုံးထားတာလည်း တွေ့ရတယ် တိုင်းအစိုးရအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တိုင်းအတွင်းရှိ မုန့်ဖတ်အမျိုးမျိုးနဲ့ ပဲသွေး၊ ပဲပြား ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများဟာ လုပ်ငန်းဆောင်ရွက်မှု ခွင့်ပြုချက်နဲ့ပဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချဖို့၊ အစားအသောက်အမျိုးအစား မှန်ကန်စွာ အသိပေး ရောင်းချဖို့၊ အစားအသောက်မှာ ခွင့်မပြုထားတဲ့ ဖော်မလင် လုံးဝ အသုံးမပြုကြဖို့၊ လိုက်နာဆောင်ရွက်ခြင်း မရှိရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
(USA)