အလုပ်သမား ၂ သိန်းခွဲကျော် ပြန်ကုန်လို့ ထိုင်း စားသောက်ဆိုင် ထောင်ချီ ပိတ်ထားရ

0
8

ထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့ အလုပ်သမား ၂ သိန်းခွဲကျော် နေရပ်ပြန်သွားတဲ့အတွက် စားသောက်ဆိုင်တွေ ထောင်နဲ့ချီ ပိတ်လိုက်ရတယ်လို့ ထိုင်းစားသောက်ဆိုင်များအသင်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

ထိုင်းမှာအလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့အလုပ်သမား ၆၀ ရာခိုင်နှုန်းဟာ မြန်မာတွေဖြစ်ပြီး ၄၀ ရာခိုင်နှုန်းက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ဖြစ်ပါတယ်။

အခုနှစ်ကုန်လောက်မှ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့အလုပ်သမားတွေ ပြန်ဝင်လာနိုင်မယ်လို့ မျှော်လင့်ထားပြီး ဒီအတောအတွင်း အလုပ်သမားရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို စတဲ့ နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား ၁၀ သန်းခန့်ရှိပြီး ၃ သန်းခန့်ကပဲ တရားဝင်အလုပ်သမားတွေ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။
(USA)

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here