UNFC က မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နဲ့ တွေ့ဖို့ ကမ်းလှမ်းထား

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌ ဦးဆောင်ပြီး မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးမယ်လို့ UNFC ပြောခွင့်ရ နိုင်အောင်မငေး က ပြောပါတယ်။

မြောက်ပိုင်းတပ်ဖွဲ့တို့အနေနဲ့ NCA လမ်းကြောင်းလိုက်မယ်လို့ ပြောထားတဲ့အတွက် သွားရောက် တွေ့ဆုံမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ “သူတို့ နောက်ဆုံးစာမှာ သူတို့က NCA လမ်းကြောင်းလိုက်မယ်လို့ အဲလိုပြော ထားတာတစ်ခုရှိတယ်။ အဲလိုဆို ကျွန်တော်တို့က ဘယ်လိုအပိုင်းမှာ ဘယ်လိုကဏ္ဍမှာ ကျွန်တော်တို့နဲ့ ချိတ်ဆက်လို့ ရလဲ၊ ဒါက လူချင်းတွေ့မှပဲ အသေအချာပြောလို့ရမယ်။ ကျွန်တော်တို့လည်း တိတိကျကျ မသိသေးဘူးလေ၊ ကျွန်တော် တို့လည်း NCA လမ်းကြောင်း နောက်ဆုံးမှာ သူတို့က NCA လမ်းကြောင်း လိုက်ပါမယ်လို့ ပြောထား တယ်ဆိုတော့ ကျွန်တော်တို့မှာ အားတက်စရာတော့ ရှိတာပေါ့။ အားတက်စရာရှိတာ ဆိုတော့ ဘယ်အပိုင်းလိုက် မယ် ဘယ်ဟာတူလဲ ဘယ်လိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်လို့ ရသလဲဆိုတာ ကျွန်တော်တို့ ဥက္ကဋ္ဌသွားမှ အသေ အချာပြောမှ သိမယ်” နှစ်ဘက်တွေ့ဆုံဖို့ UNFC ဘက်က အကြောင်းကြားစာပေးပို့ထားပေမယ့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဘက်က အကြောင်းမပြန်သေးတဲ့အတွက် ဘယ်တော့ တွေ့ကြမလည်းဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။

“အဓိကက ကျွန်တော်တို့ UNFC ဥက္ကဋ္ဌက ဦးစီးပြီးသွားမယ်လို့ ဒါပေမယ့် သူတို့အားတဲ့ အချိန်က ဘယ် နေ့ ဒီမှာ အခုကကြပ်နေတယ်။ ကျွန်တော်တို့ စာပို့ထားတယ် စာမပြန်သေးဘူးလေ။ ဘယ်အချိန်သူတို့လည်း သူတို့ အလုပ်နဲ့ သူတို့ရှိတယ်ဆိုတော့လေ ရက်အတိအကျတော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ တွေ့ဖို့တော့ အစီအစဉ် ရှိမယ် တွေ့ဖို့သင့်တယ် ဆိုတော့က ကျနော်တို့ ပြောထားတာပေါ့နော်။”

လတ်တလောမှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၈ ခု၊ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ UNFC တပ်ဖွဲ့ ၅ ခု၊ ၀တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာ မိတ်တပ်ဖွဲ့ ၇ ခု ဆိုပြီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။
(USA)

adv_banner