?bph6

Place your ads here!

ကော့သောင်းနယ်စပ်ကနေ မြန်မာတွေ ပြန်လာနေတုန်းဖြစ်

ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေ ဇူလိုင် ၁၆ ရက် တစ်ရက်တည်း လူ ၁၀၀ ကျော် ကော့သောင်းက တစ်ဆင့် ပြန်ရောက်လာကြတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေက ပြောပါတယ်။

အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား ၇၄ ဦး ၊ အမျိုးသမီး ၃၈ ဦးနဲ့ ကလေးငယ် ၅ ဦး စုစုပေါင်း ၁၁၇ ဦး ဟာ ရနောင်းကတစ်ဆင့် စက်လှေတွေနဲ့ ပြန်ဝင်ရောက်လာတာဖြစ်ပြီး ဇူလိုင်လ လယ်အထိ ကော့သောင်းနယ်စပ်ကနေ ပြန်ဝင်ရောက်လာသူပေါင်း ၁၆၀၀ ကျော် ရှိသွားပါပြီ။

ဇွန်လကုန်ပိုင်း ထိုင်းအစိုးရကထုတ်ပြန်ခဲ့တဲ့ အလုပ်သမားဥပဒေသစ်ကြောင့် စိုးရိမ်ကြောက်လန့်ပြီး နေရပ်ကိုပြန်လာတဲ့ မြန်မာအလုပ်သမားပေါင်း ၃ သောင်းကျော်ရှိတယ်လို့ ဇူလိုင်လဆန်းပိုင်းမှာ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
(USA)

adv_banner