?bph6

Place your ads here!

IS တပ်ဖွဲ့ဝင်သတင်း ရဲ ထုတ်ပြန်တာ မဟုတ်

သတင်းပေးတိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိကြောင်း တိုင်းရဲတပ်ဖွဲ့က ဇူလိုင် ၁၇ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ Thein Kyaw အကောင့်နဲ့ IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိက သတင်းပေး တိုင်ကြားရန် ခေါင်းစဉ်တပ်ပြီး “ IS လက်ရွေးစင် တစ်ယောက်ဖြစ်ကြောင်း အသိပေးထားပါတယ်။ မြန်မာစကားကျွမ်းကျင်စွာပြောဆိုနိုင်သူ၊ ဖော်ပြပါအကြမ်းဖက်သမားကို နီးစပ်ရာရဲစခန်းတွင် သတင်းပေးကြပါ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ ဖုန်းနံပါတ် ၀၁- ၂၃၁၇၅၂၆၊ ၀၁-၂၃၁၇၅၂၇ ” လို့ ဓာတ်ပုံနဲ့ပူးတွဲပါရှိတဲ့ ဖော်ပြချက်တွေဟာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြခြင်း မဟုတ်တဲ့အကြောင်း တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို အလွဲအသုံးပြုပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းများကို ဖော်ပြခြင်းမပြုကြ ဖို့နဲ့ ဒီလိုဖော်ပြနေသူတွေကိုလည်း အရေးယူမယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။
(USA)

adv_banner