ကရင်အစိုးရအဖွဲ့ အတွင်းရေးမှူးပါ ပြည်ထဲရေးအရာရှိများကို အဂတိလိုက်စားမှုနဲ့ တရားစွဲ

ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးပြုံးချို ၊ ပြည်ထဲရေးဌာနက အဆင့်မြင့်အရာရှိ ၃ ဦး အပါအ၀င် စုစုပေါင်း ၆ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ် ကတည်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်ရှိ မြေကွက်တစ်ကွက်နဲ့ပတ်သက်လို့ ကျပ်သိန်းထောင်ချီပြီး အဂတိလိုက်စားမှုကြောင့် တရားစွဲဆိုလိုက် တာဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တဲ့ Case ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေ ပါဝင်ပတ်သက်နေတာကြောင့် အဂတိ တိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးပြီး ကိုင်တွယ်စေခဲ့တာ ဖြစ်တယ်လို့ အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြထားပါတယ်။

အဂတိလိုက်စားမှုထဲမှာ Alphard ယာဉ် ပေးတာ၊ Mark II ယာဉ်ပေးတာတွေလည်း ပါပါတယ်။ တရားစွဲခံရသူတွေထဲမှာ ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးက ဒုတိယရဲမှူးကြီး တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊ ဦးစီးအရာရှိတစ်ဦးနဲ့ မြေပိုင်ရှင် ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံထားရသူ နှစ်ဦးတို့ ပါဝင်ပါတယ်။

အဂတိလိုက်စားမှုကြောင့် ဝန်ကြီးဌာနတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဝန်ထမ်းဥပဒေနဲ့ အရေးယူဆောင်ရွက်ထားတာတွေ အမြောက်အမြားရှိတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
(USA)

adv_banner
adv_banner