မြောက်ကိုရီးယားနဲ့ သာမန်ဆက်ဆံရေးရှိပြီး စစ်တပ်ခြင်း ဆက်ဆံရေး မရှိ

မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးဟာ သာမန်ပဲဖြစ်ပြီး စစ်တပ်ခြင်းဆက်ဆံရေးလည်း မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

ဇူလိုင် ၁၇ရက်က မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်ဝန်ကြီးဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို ၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံအပြီး ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အရေး၊ အာရှပစိဖိတ် ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေး၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးကိစ္စရပ်တို့ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းမဲ့ဇုံဖြစ်စေလိုတယ်၊ ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ လည်း ချစ်ကြည်ရင်းနှီးလိုတဲ့ ဆန္ဒရှိတယ်လို့ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

adv_banner