ငါးခူရ အကြမ်းဖက် ဖြစ်စဉ်မှာ ပါသူ တရားခံပြေး ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိ

၂၀၁၆ ခုနှစ် က ငါးခူရရဲစခန်း အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူ တရားခံပြေး ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ ဇူလိုင် ၁၆ ရက် နေ့တွင် မောင်တောမြို့နယ် ဦးရှည်ကျ ကျေးရွာအတွင်း လှည့်ကင်း ဆောင်ရွက်နေချိန်မှာပဲ ၂၀၁၆ ခုနှစ် ငါးခူရ နယ်မြေ ရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူ တရားခံပြေး မာမောက်ရော်ရှီ ၄၂ နှစ် နဲ့ အာယုပ် ၃၃ နှစ် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံပြေးတွေကို ငါးခူရ နယ်မြေစခန်း၌ အမှုဖွင့် စစ်ဆေးလျက် ရှိနေပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တော၊ ငါးခူရရဲစခန်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အမှုမှာပါဝင်ခဲ့တဲ့ တရားခံပြေး အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

adv_banner