?bph6

Place your ads here!

ရေကြီးမှုကြောင့် စစ်ကိုင်းနဲ့ မကွေးမှာ လူ ၂ သောင်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရ

မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှု နဲ့အတူ ရေကြီးမှုတွေကြောင့် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ဇူလိုင် လ ၁၄ ရက်အ ထိ လူပေါင်း ၁၉၀၀၀ ကို ဘေးလွတ်ရာကို ယာယီရွေ့ပြောင်းပေးထားရပါတယ်။

ရေကြီးမှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးမှာ စာသင်ကျောင်းပေါင်း ၁၈၀ ကျော် ယာယီ ပိတ်ထားရပါတယ်။ ရေကြီးမှုတွေကြောင့် ရေကြီးမှု ဒဏ်ခံရသူတွေကို လူမူဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့တို့ က အစားစာ နဲ့ သောက်ရေသန့်တို့ ကူညီပေးထားရပြီး ရေဘေးလွတ်ရာ ရွေပြောင်းပေးထားသူအတွက် အင်္ကျင်္ီတွေကိုလည်း ပေးထားရပါတယ်။

မြန်မာနိုင်ငံနဲ့ အတူ မုန်တိုင်းမိုးရွာသွန်းပြီး ရေကြီးမှုဒဏ်ကို ဒေသအတွင်း နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင် ၊ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ဗီယက်နမ်၊ အိန္ဒိယ နိုင်ငံတို့မှာ တွေ့ကြုံခံစားနေရတာဖြစ်ပါတယ်။

adv_banner