?bph6

Place your ads here!

 မြောက်ကိုရီးယား နဲ့ စစ်ရေးဆက်ဆံတာ မရှိဘူးလို့ မြန်မာအစိုးရ တာဝန်ရှိသူပြော

 

မြောက်ကိုရီးယား မူဝါဒရေးရာ  အမေရိကန် အထူးကိုယ်စားလှယ် ဂျိုဆက် ယမ် ဟာ  မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြောက်ကိုရီးယားနိုင်ငံကို အထီးကျန်နိုင်ငံဖြစ်စေဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖွယ်ရှိနေပါတယ်။

 မြန်မာနိုင်ငံရှိအမေရိကန်သံရုံးက   မြောက်ကိုရီးယား ရေးရာ ဆိုင်ရာအမေရိကန် အထူးကိုယ်စားလှယ် ဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နဲ့တွေဆုံမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 အမေရိကန် အထူးကိုယ်စားလှယ်ယမ် ဟာ  မြောက်ကိုရီးယား ကျွန်းဆွယ်အရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ စင်္ကာပူ  နိုင်ငံမှာအရေးပေါ်အစည်းဝေးကျင်းပခဲ့ပါတယ်။

 မြောက်ကိုရီးယားနိုင်ငံ ဟာ ဇူလိုင် ၄ ရက်နေ့က တိုင်ချင်းပစ် ဒုံးကျည်အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ ကြေညာပြီးနောက် မြောက်ကိုရီးယား မူဝါဒရေးရာဆိုင်ရာအမေရိကန် အထူးကိုယ်စားလှယ် ယမ် ဟာ အာရှ ခရီးစဉ်စတင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ ဟာ မြောက်ကိုရီးယား နဲ့ ဆက်ဆံမှုတွေရှိခဲ့ဖူးတဲ့  မြန်မာနိုင်ငံအတွက် စိုးရိမ်မှုတွေ ရှိနေတာကြောင့် အထူးကိုယ်စားလှယ် ယမ် ဟာ မြန်မာနိုင်ငံဆီလာရောက်တာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ဟာ စစ်အစိုးရ လက်ထက် က မြောက်ကိုရီးယား နိုင်ငံနဲ့ စစ်ရေးဆက်ဆံတာတွေရှိခဲ့ပြီး မြောက်ကိုရီးယား ဟာ  မြန်မာနိုင်ငံဆီ ဒုံးကျည် ရေးရာကျွမ်းကျင်သူတွေနဲ့ စစ်လက်နက်ထုတ်လုပ်ဖို့ ပစ္စည်းတွေ တင်ပို့ဖူးတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ 

မြန်မာနိုင်ငံကတော့  အရပ်သားအစိုးရအုပ်ချုပ်မှုကို မပြောင်းလဲမီ ၂၀၁၁ ခုနှစ်မတိုင်ခင်တည်းက  မြောက်ကိုရီးယား နဲ့ စစ်လက်နက်ရောင်းဝယ်တာတွေ၊ နဲ့အခြား စစ်ရေးဆက်ဆံတာတွေမရှိခဲ့ဘူးလို့ အခိုင်အမာပြောထားပါတယ်။

adv_banner