အာဇာနည်နေ့အခမ်းအနားကို တိုက်ရိုက်ပြမယ်

၂ဝ၁၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် နှစ်(၇ဝ)ပြည့် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်မှာ နံနက် ၈ နာရီတွင် ကျင်းပ မည်ဖြစ်ရာ အဲဒီအခမ်းအနား ကျင်းပပုံကို တိုက်ရိုက်ထုတ်လွင့်သွားမှာဖြစ်ပါတယ်။

အာဇာနည်နေ့ အခမ်းအနား ကျင်းပုံကို ဇူလိုင် ၁၉ ရက်နေ့ ၇ နာရီ ၁၅ မိနစ်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယို၊MRTV Entertainment, MITV  နဲ့  မြန်မာ့ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုး ရုပ်သံလိုင်းတို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

အာဇာနည် နေ့ မှာ ဗိုလ်ချုပ်အောင် ဆန်း ပြတိုက်  နဲ့ လုပ်ကြံခံရတဲ့နေရာအတွင်းဝန် ရုံးကိုလည်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

adv_banner