ရင်ချင်းဆက် အမြွာ  အောင်မြင်စွာခွဲစိတ်နိုင်

ရင်ချင်းဆက်အမြွှာ ဖြစ်တဲံ စိုင်းခမ်း နဲ့ စိုင်းငင်းတို့ကို ဇူလိုင် ၁၆ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန် ကလေးဆေးရုံကြီး ခွဲစိတ်ခန်းမ၌ နှစ်နာရီ ကျော်ကြာ ခွဲစိတ်မှုများပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။

စိုင်းခမ်း နဲ့  စိုင်းငင်းတို့မှာ ကျိုင်းတုံမြို့နယ် ဝမ်ဟုတ် ကျေးရွာ မှာ နေထိုင်တဲ့ (အဘ) ဦးစိုင်းအောင်၊ (အမိ) ဒေါ်နမ်းခမ်းနမ်းတို့ ရဲ့ သားများဖြစ်ပြီး၎င်းတို့ကို ၂ဝ၁၅ ခုနှစ် မတ် ၇ ရက် နံနက်ပိုင်းက ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံ ကြီးတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။

အမြွာ တွေကို ရန်ကုန်ကလေးဆေးရုံကြီး ခွဲစိတ်ကုသ ဆောင် (၁) ဆီကို ၂ဝ၁၅ ခုနှစ် မေ ၄ ရက်က လွှဲပြောင်းရောက်ရှိခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေး၊ ပါမောက္ခ ဒေါက်တာ အေးအေး (ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး)၊ ပါမောက္ခ ဒေါက်တာ ရဲမြင့်ကျော် (ကလေးအထူးကုဆရာဝန်ကြီး)နှင့် ပါမောက္ခဒေါက်တာလှမြတ်နွယ် (မွေးကင်းစ အထူးကုဆရာဝန် ကြီး)တို့က အနီးကပ် ကြီးကြပ်စောင့်ရှောက်ခဲ့ပါတယ်။

ရင်ချင်းဆက်အမြွှာ စိုင်းခမ်း နဲ့ စိုင်းငင်းတို့ ဟာ မွေးကင်းစ အရွယ်ကနေ ယခုအချိန်အထိ ကြီးကြီးမားမားရောဂါမရှိဘဲ ပုံမှန်ကိုယ်ခန္ဓာ နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုရှိကာ မခွဲစိတ်မီ ကိုယ်အလေး ချိန်မှာ၂ဝ ကီလိုဂရမ် ရှိပြီး သွေးစစ်ချက်အဖြေ လည်း ကောင်းမွန်ပါတယ်။

adv_banner
adv_banner