?bph6

Place your ads here!

 ရခိုင်ပြည်နယ်မှာဗုံးပေါက်ကွဲလို့ သုံးဦးသေဆုံး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ စနေနေ့က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့  ဆယ်ကျော်သက် လူငယ် ၂ ဦးအပါဝင်  ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ရဲအရာရှိက လက်တလော သတင်းအချက်လက်တွေ အရ ပေါက်ကွဲခဲ့တဲ့ ဗုံး ဟာလက်လုပ်ဗုံး ဖြစ်တယ်လို့ ပြောပါတယ်။

စနေနေ့ နံနက် ၁၀ နာရီ ၃၀ မှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် အသက်အရွယ်ကြီးသူတစ်ဦး ၊ အသက် ၁၅ နှစ် အရွယ် နဲ့ အသက် ၁၇ နှစ် အရွယ် တစ်ဦးတို့သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ်တစ်ဦး လည်း ဆေးရုံတင်ထားရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် တပ်မတော်တပ်ဖွဲ့တွေအပါဝင် လုံခြုံရေးတပ်ဖွဲ့တွေ နဲ့လုံခြုံရေး တိုးမြင့်ထားရပါတယ်။

 ပြီးခဲ့တဲ့အောက်တိုဘာလက ရိုဟင်ဂျာ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေက နယ်ခြားစောင့် ရဲစခန်းကို စီးနင်းမှုတွေရှိခဲ့ပြီးနောက် အကြမ်းက်အဖွဲ့တွေကို  တပ်မတော် သား တွေနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့ရပါတယ်။

adv_banner