အစိုးရနဲ့ UNFC အလွတ်သဘော တွေ့မယ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဇူလိုင် ၂၀ ရက် ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေး ကြမယ်လို့ UNFC ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ နိုင်အောင်မငေး က ပြောပါတယ်။

အလွတ်သဘောတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး UNFC က တောင်းဆိုထားတဲ့ အချက် ၉ ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။
အစက နှစ်ဘက်ကိုယ်စားလှယ်တွေ ဇူလိုင်လထဲ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ခဲ့ပေမယ့် မတွေ့ဖြစ်ကြတော့ဘဲ လာမယ့် သြဂုတ်လဆန်းပိုင်းကျမှပဲ တရားဝင် တွေ့ဆုံဆွေးနွေးဖြစ်တော့မယ်လို့လည်း နိုင်အောင်မငေး က ပြောပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ UNFC မှာ လက်ရှိ တိုင်းရင်းသားတပ်ဖွဲ့ ၅ခု ကျန်ရှိပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်းကို အစိုးရနဲ့ တပ်မတော်က ကြေညာပေးရေး အပါအ၀င်အချက် ၉ ချက် တောင်းဆိုထားပါတယ်။
(USA)

adv_banner
adv_banner