?bph6

Place your ads here!

ဦးဖြိုးမင်းသိန်း တောင်းပန်စာ လက်ခံရရှိဟု တပ်မတော် သတင်းထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တောင်းပန်စာကို လက်ခံရရှိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လိပ်မူထားတဲ့ တောင်းပန်စာကို လက်ခံရရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၉ရက်က ရန်ကုန်မှာလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိဘူး၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီ ပြောကြားချက်နဲ့ပတ်သက်ပြီး တပ်မတော်က ဦးဖြိုးမင်းသိန်းကို အရေးယူပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပြီး အစိုးရက ဒီ ပြောဆိုချက်ဟာ အစိုးရအဖွဲ့ရဲ့ ရပ်တည်ချက် မဟုတ်ဘူးလို့ ထုတ်ပြောခဲ့သလို အန်အယ်လ်ဒီကလည်း ဦးဖြိုးမင်းသိန်းကို အပြောအဆိုဆင်ခြင်ဖို့ သတိပေးခဲ့ပါတယ်။

အဲဒီနောက် ၀န်ကြီးချုပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းပန်စာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
(USA)

adv_banner