ငါးခူရအကြမ်းဖက်မှုမှာ ပါဝင်သူ ၆ဦး ဖမ်းမိ

ရခိုင်ပြည်နယ်၊မောင်တော၊ငါးခူရရဲစခန်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အမှုမှာပါဝင်ခဲ့တဲ့  တရားခံပြေး အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၅ရက်က မောင်တောမြို့နယ် နယ်မြေ ၅ အောက်ပြူးမကျေးရွာမှာ တရားခံပြေးများ ရောက်ရှိနေကြောင်း သတင်းရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရင်း ငါးခူရ ရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အမှုမှာပါဝင်တဲ့ တရားခံပြေး  မော်လဝီအီခရစ် ၃၈ နှစ်နဲ့  အမျိုးသား ၆ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိထားတဲ့ တရားခံပြေးတွေကို  ငါးခူရ နယ်မြေစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။

adv_banner
adv_banner
adv_banner adv_banner