ရွှေ့ပြောင်းအလုပ်သမား တွေမှတ်ပုံတင်ဖို့ ထိုင်းမှာ စင်တာ ၉၉ ခု ဖွင့်ပေးမယ်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင်အလုပ်သမား ၁ ဒသမ ၅ သန်းကို တရားဝင်မှတ်ပုံတင်မှုတွေလုပ်နိုင်ဖို့ စင်တာ ၉၉ ခု ဖွင့်လှစ်သွားမယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကပြောပါတယ်။

မြို့နယ် ၁၁ မှာ ဖွင့်လှစ်မယ့် စင်တာတွေ ဟာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေပြီး မှတ်ပုံမတင်ရသေးတဲ့ အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့် ၊ သက်သေခံကဒ်နဲ့ တရားဝင် အလုပ်လုပ်ကိုင်မှုကဒ်တွေထုတ်ပေးသွားမှာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ မှတ်ပုံတင်ရမယ့် စင်တာတွေဆီမှာ ဇူလိုင် ၂၄ ရက်နေ့ကနေ သြဂုတ် ၇ ရက်နေ့အထိ တရားဝင် အထောက်ထားတွေရအောင် မှတ်ပုံတင်တာတွေလုပ်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာပြီးခဲ့တဲလက အလုပ်သမား ဥပဒေသစ်ထုတ်ပြန်လိုက်ပြီးနောက် တရားမဝင်အလုပ်သမား တွေကိုလိုက်လံဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား သောင်းချီ နေရပ်ပြန်ခဲ့ရတဲ့အပြင် ကမ္ဘောဒီယား နဲ့ လာအိုနိုင်ငံတွေလည်း မိခင်နိုင်ငံတွေဆီ ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ရနောင်း၊ တက်ခ်၊ ဆူမာဆာခွန်၊ ဆူမက်ပရာကန် တို့မှာ အလုပ်လုပ်ကိုင်ခွင့်နဲ့ ဆိုင်တဲ့ မှတ်ပုံတင်မှုတွေလုပ်ရမှာဖြစ်ပါတယ်။

adv_banner