အာရှယူ ၂၃ ခြေစစ်ပွဲ ကြိုတင်လက်မှတ် ရောင်းမယ်

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံ ကျင်းပမယ့် အာရှ ယူ ၂၃ ခြေစစ်ပွဲ လက်မှတ်တွေကို ကြိုတင်ရောင်းချမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်မှတ်တွေကို ဇူလိုင် ၁၇ ရက်၊ ဇူလိုင် ၁၈ နေတို့မှာ လှည်းတန်းစင်တာ၊ အောင်ဆန်းကွင်းနဲ့ သုဝဏ္ဏအားကစားကွင်းတို့မှာ ရောင်းချသွားမှာဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ လက်မှတ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

လက်မှတ်တွေကို ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ် နဲ့ အထူးတန်း ၃၀၀၀ ကျပ်ဆိုပြီး ရောင်းချသွားမှာဖြစ်ရာ လက်မှတ်တစ်စောင်ကို ၂ ပွဲနှုန်း ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။

မြန်မာ နိုင်ငံဟာ အာရှယူ ၂၃ ခြေစစ်ပွဲ အုပ်စု(စ) ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အုပ်စု (စ) မှာ မြန်မာ၊ စင်္ကာပူ၊ သြစတြေးလျ နဲ့ ဘရူးနိုင်းတို့ ပါဝင်နေပါတယ်။

adv_banner
adv_banner
adv_banner adv_banner