?bph6

Place your ads here!

 မြန်မာဆန်ကို   သီရိလင်္ကာ ဝယ်မယ်

သီရိလင်္ကာနိုင်ငံ ဟာ မြန်မာ နဲ့ ပါကစ္စတန်နိုင်ငံဆီကနေ ဆန်မက်ဒရစ်တန်ချိန် ၅၅၀၀၀ ဝယ်ယူသွားမှာဖြစ်ပါတယ်။

 

သီရိလင်္ကာ နိုင်ငံကတာဝန်ရှိသူတွေ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ နဲ့ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီး ဆန်ဝယ်ယူရေးဆွေးနွေးခဲ့ရာ သဘောတူညီမှုရခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ပါကစ္စတန်နိုင်ငံက ဆီကနေ ဆန်တန်ချိန် ၂၅၀၀၀ ကနဦးဝယ်ယူမှာဖြစ်ပြီး မြန်မာနိုင်ငံဆီကနေ ဆန်တန်ချိန် ၃၀၀၀၀ ထပ်မံဝယ်ယူသွားမှာဖြစ်တယ်လို့ သိရိင်္လကာ စက်မှု နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဘာတီယူဒင်ကပြောပါတယ်။

သီရိလင်္ကာ အစိုးရ တာဝန်ရှိသူတွေနဲ့ အစားသောက်ရေးရာဌာန ဟာ မြန်မာနိုင်ငံနဲ့ ပါကစ္စတန် နိုင်ငံက ဆန်နမူနာကိုချက်ကြည့်ပြီး နောက်ဆန် အရည်အသွေးပိုင်း နဲ့အရသာပိုင်းကောင်းမွန်မှုရှိတယ်လို့ ပြောပါတယ်။

adv_banner