ဘုန်းကြီးကျောင်းထဲ လောင်းကစားဒိုင် ဖွင့်သူတွေကို ဖမ်းဆီး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အိမ်တော်ဘုရားတောင်ဘက် ဘုန်းကြီးကျောင်းတိုက်အတွင်းရှိ ကျောင်းတစ်ကျောင်းမှာ ချဲထီလောင်းကစားဒိုင် ဖွင့်နေသူတွေကို ဖမ်းဆီးလိုက်ပါတယ်။

သက်ဆိုင်ရာက သာသနာထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကို လျှောက်ထားပြီး ဆရာတော်ပါ လိုက်ပါလျက် ခရိုင်တာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာမှာ ၂ လုံး၊ ၃ လုံး ဒိုင် နှစ်ဒိုင် အဖမ်းခံရတာ ဖြစ်ပါတယ်။

ကျောင်းတိုက်အတွင်းရှိ ချဲဒိုင်တွေကို မြို့နယ် သံဃနာယက အဖွဲ့ရဲ့ ထုတ်ပြန်ချက် စည်းကမ်းအရ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ကျောင်းတိုက်က ထွက်ခွာ ခိုင်းထားတယ်လို့ ကျောင်းတိုက်တာဝန်ရှိ ဆရာတော်က မိန့်ကြားကြောင်း ဆရာတော် ဦးကဝိန္ဒရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

လက်ခံထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလည်း မြို့နယ် သံဃနာယက အဖွဲ့ရုံးမှာ ဝန်ခံကတိ လက်မှတ် ရေးထိုးရပါတယ်။

adv_banner
adv_banner
adv_banner adv_banner