ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေရဲ့ ကျောင်းတွေ ပိတ်ထားရ

ထိုင်း နိုင်ငံမှာ ပြီးခဲ့တဲ့ လက ပြဌာန်းခဲ့တဲ့ အလုပ်သမား ဥပဒေ သစ်ကြောင့် တခ်ခရိုင်အတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ရဲ့စာသင်ကျောင်းတွေ ယာယီဆိုင်းငံ ထားရတယ်လို့ မြန်မာနိုင်ငံ ရွှေပြောင်း အလုပ်သမား ဆရာများ အဖွဲ့ ကပြောပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ဆရာများအဖွဲ့က ကျောင်းတွေ မှာ စာသင့်နေတဲ့ဆရာအများစု ဟာ ထိုင်းပညာရေးဝန်ကြီးဌာန က ထုတ်ပေးတဲ့ အသိမှတ်ပြုကဒ်တွေသာရှိပြီး နေထိုင်ခွင့် စာရွက်စာတမ်းမရှိတာကြောင့် ထိုင်းရဲတွေကဖမ်းဆီးမယ် ဖမ်းဆီးနိုင်တာကြောင့် ဆရာတွေဟာ စိုးရိမ်ပြီး ကျောင်းမသွားတာကြောင့် ကျောင်း အချို့ ယာယီပိတ်ထားရတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်မှာ မြန်မာရွှေပြောင်းအလုပ်သမားတွေ တက်ရောက်နေတဲ့ ကျောင်း ၆၉ ကျောင်းရှိနေပြီး အဲဒီ ထဲက ဘယ်လောက် ပိတ်ထားသလဲဆိုတာ အတိကျမသိရသေးပါဘူး၊ ထိုင်းအလုပ်သမား ဥပဒေသစ်ကြောင့် ဇွန် ၂၉ ရက်အထိ မြန်မာ အလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီးခံရတယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာရွှေပြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဦးမိုးကြိုးကပြောပါတယ်။

ထိုင်းရဲတွေ ဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းတွေကိုဖမ်းဆီးတာမရှိပေမယ့် ဈေးတွေနဲ့ လမ်းတွေမှာ လိုက်လံဖမ်းဆီးမှုတွေ ရှိနေပါတယ်။

adv_banner