အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲဖို့ ဦးရွှေမန်း တိုက်တွန်း

0
222

ထိုင်းက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပြင်းထန်တဲ့ အလုပ်သမား ဥပဒေကြောင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အထောက်အထား ရှိအောင် ပြုလုပ်ပေးနိုင်ရင် မြန်မာရော ထိုင်းပါ အကျိုးရှိမယ်လို့ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

အထောက်အထား မရှိလို့ ပြန်လာရတဲ့ အလုပ်သမားတွေကို စိစစ်မှတ်ပုံတင်၊ ကုန်ကျစရိတ် အလုပ်သမားတွေကို ခံခိုင်းပြီး အထောက်အထားနဲ့ ခွင့်ပြုချက် လုပ်ပေးဖို့နဲ့ နှစ်နိုင်ငံ မျက်နှာချင်းဆို ဆွေးနွေးဖို့ သူရဦးရွှေမန်းက သူ့ဖေ့စ်ဘုတ်မှာ တိုက်တွန်းလိုက်တာပါ။

အဲဒီလို လုပ်နိုင်ရင် အခက်အခဲက အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်မယ်လို့ သူက ဆိုပါတယ်။

ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ပါဝင်တဲ့ ဥပဒေသစ်ကြောင့် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ မြန်မာနိုင်ငံကို ပြန်လာနေကြတာ ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေမှာ သက်ဆိုင်ရာက အကူအညီပေးတာတွေ လုပ်ဆောင်နေပါတယ်။