NCA ဆွေးနွေးစဉ်ပါ ၂၁ ဖွဲ့ကိုသာ အစိုးရ လက်ခံဆွေးနွေးမည်

0
104

အစိုးရအနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ညှိနှိုင်းဆွေးနွေးခဲ့စဉ်က ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂၁ဖွဲ့ကိုသာ လက်ခံအသိအမှတ်ပြုတယ်လို့  UNFC ကို အသိပေးပြောကြားထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဇွန် ၂၀ရက်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး UNFC ကို ပြင်ဆင်ဖွဲ့စည်းမယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် အစိုးရရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကြားကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်အသစ်များထွက်ပေါ်လာပြီး UNFC မှာ နောက်ထပ် ထပ်တိုးအနေနဲ့ ပါဝင်လာရင် အစိုးရအနေနဲ့ လက်ခံဖို့ ခက်ခဲတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

၂၀၁၁ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၂ဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC မှာ လက်ရှိ တပ်ဖွဲ့ဝင် ၇ခု ရှိပါတယ်။

ကချင်အမျိုးသား အစည်းအရုံး (KNO)၊ ဇိုမီး ပြန်လည်ပေါင်း စည်းရေးအစည်းအရုံး (ZRO)၊ ကူကီး အမျိုးသားအစည်း အရုံး (KNO) နဲ့ ဗိုလ်မှူး စောဆန်းအောင်ဦးဆောင်တဲ့တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့တို့က  UNFC အဖွဲ့ဝင်အဖြစ်လျှောက်ထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

?bph6