ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း(၁၀၀)ချေး

0
168

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Financial Development Project)အတွက် ကမ္ဘာ့ဘဏ်က အတိုးနှုန်း သက်သာတဲ့ နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ရယူဖို့အတွက် ဧပြီ ၁၁ ရက် က  နေပြည်တော်Kempiski Hotalမှာ  ချေးငွေစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲ့ဒီစီမံကိန်းကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။

အဲ့ဒီချေးငွေကိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ချေးငွေဆိုင်ရာ စည်းကမ်းချက်တွေအဖြစ် ဝန်ဆောင်ခ တစ်နှစ်ကို သုည ဒသမ ၇၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ခြောက်နှစ် နှင့် ပြန်ဆပ်ကာလ ၃၂ နှစ် စုစုပေါင်း ချေးငွေသက်တမ်း ၃၈ နှစ်ဖြစ်ပါတယ်။

?bph6