ကလေးများအတွက် စာဖတ်ပြိုင်ပွဲ ကျင်းပမည်

0
253

ကလေးများအတွက် စာဖတ်ပြိုင်ပွဲကို ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ မတ်လ ၁ ရက်နေ့ကနေ မေလ ၃ ရက်အထိ Big Friendly Read ဆိုတဲ့အမည်နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်ကတော့ အသက် ၇ နှစ်ကနေ ၁၅ နှစ်အရွယ်အထိ ကလေးများ စာဖတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမအဆင့်မှာ Big Friendly Read collection မှ စာအုပ်များကို ရွေးချယ်ပြီး အနည်းဆုံး ၆ အုပ်ပြည့်အောင် ဖတ်ရပါမယ်။ ဒုတိယအဆင့်မှာ ဖတ်ထားတဲ့ စာအုပ်တွေထဲက ကြိုက်နှစ်သက်ရာ စာအုပ်တအုပ်ကို ရွေးချယ်ပြီး အကျဉ်းချုပ်ရေးခြင်း သို့မဟုတ် ကြိုက်ရာ ဇာတ်ကောင်ကို ပုံတူရေးချယ်ပြီး ယှဉ်ပြိုင်နိုင်ပါတယ်။

စာအုပ် ၆ အုပ် ဖတ်ပြီးတဲ့ ကလေးတွေကို ဆုတံဆိပ် ချီးမြှင့်မှာ ဖြစ်ပြီး အကျဉ်းချုပ်နဲ့ ပုံတူရေးချယ်ပြိုင်ပွဲမှာ ဆုရတဲ့ ကလေးများကိုလည်း ဆုလက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့် ကလေးတွေဟာ စာကြည့်တိုက် အသင်းဝင် ဖြစ်ရပါမယ်၊ မဖြစ်သေးရင်လည်း အသင်းဝင်နိုင်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ သီးသန့် ကလေးစာကြည့်တိုက် ရှိပါတယ်။

?bph6