YBS စနစ်ကို လာမယ့် ဧပြီလထဲမှာ နောက်ထပ် အပြောင်းအလဲတွေ ထပ်လုပ်သွားမယ်

0
50

YBS စနစ်ကို လာမယ့် ဧပြီလထဲမှာ နောက်ထပ်အပြောင်းအလဲတစ်ခု ထပ်မံပြုလုပ်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အဦးမှာ YBS ယာဉ်လိုင်းတွေပြေးဆွဲမှု တစ်လပြည့်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

YBS စနစ်ကို သုံးလတစ်ကြိမ် ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဧပြီလမှာ ယာဉ်လိုင်းအားလုံး GPS စနစ် တပ်ဆင်ရမှာ ဖြစ်ပါတယ်။

အဲဒီ GPS စနစ်အရ ယာဉ်လိုင်းအားလုံးကို ထိန်းချုပ်ရေးစင်တာကနေ စောင့်ကြည့်သွားမှာ ဖြစ်ပြီး စည်းကမ်းဖောက်တဲ့ယာဉ်တွေကို ပြင်းပြင်းထန်ထန် အရေးယူမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်စီးခကိုလည်း ကတ်စနစ်နဲ့ ပေးချေလို့ရအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲမှုတွေ လုပ်ရာမှာ လက်ရှိပြေးဆွဲနေသေးတဲ့ ၉၅ ခုနှစ် မော်ဒယ်အောက် ကားတွေကိုလည်း နောက်ပိုင်းမှာ ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

?bph6