ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝါဆိုဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို သွားရောက်ပူဇော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်ကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇော တိက ရွှေကျင်သာသနာပိုင် ဆရာတော် ဘဒ္ဒန္တအဂ္ဂိ သက်တော် (၁၀၀) နှစ်၊ သိက္ခာတော် (၈၀) ၀ါဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ဖူးမျှော်ခဲ့သလို ဧည့်သည်တော်မှတ်တမ်းမှာလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဝါဆိုဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ အခမ်းအနားကို မနက်ဖြန် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီအခမ်းအနားမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့ တက်ရောက်မှာဖြစ်သလို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနကပေးပို့လှူဒါန်းတဲ့ “စိန်ကတ္တီပါတော်”နဲ့လည်း လွှမ်းခြုံပူဇော်မှာ ဖြစ်ပါတယ်။

adv_banner
adv_banner