?bph6

Place your ads here!

ကော့သောင်းမှာ အရက်မူး စကားများရာကနေ ဓားထိုး လူသတ်မှု ဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဆိုင်ကယ်ကယ်ရီဂိတ်တစ်ခုမှာ အရက်အတူထိုင်သောက်သူနှစ်ဦး စကားများပြီး ရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ရွှေဇင်ယော်ရပ်ကွက်က ရပ်ကွက်ဆိုင်ကယ်ကယ်ရီဂိတ် အုတ်ခုံပေါ်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းက မျိုးလွင်နဲ့ စိုးမိုးကျော်ဆိုသူနှစ်ဦးဟာ အရက်အတူ သောက်စားရာကနေ တစ်ဦးနဲ့တစ်ဦး အခြေအတင်စကားများပြီး စိုးမိုးကျော်က မျိုးလွင်ကို ဓားနဲ့စတင်ထိုးခဲ့တာပါ။

အဲဒီအမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ စိုးမိုးကျေုာ် (၂၁ နှစ်)ကို ကော့သောင်မြို့မရဲစခန်းမှာ ရွှေဇင်ယော်ရပ်ကွက် ရာအိမ်မှူး ဦးအောင်ဒင်က တရားလိုလုပ်တိုင်တန်းထားတာကြောင့် (ပ) ၂၉၅/၂၀၁၇၊ အရ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

adv_banner