သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားခဲ့တဲ့ တရားခံပြေးကို ပိုက်စိတ်တိုက် ရှာဖွေ

ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံပြေးနဂါးလေး(ခ) အောင်နိုင်မြင့်ကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မူးယစ်ဆေးဝါးမှု၊ လုယက်မှုတွေနဲ့ တရားခံပြေး ကြေညာထားတဲ့ နဂါးလေး(ခ) အောင်နိုင်မြင့်ကို သက်ဆိုင်ရာက ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ်ကို သွားရောက် ဖမ်းဆီးစဉ်မှာ ကားမောင်းထွက်ပြေးခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားခဲ့တာပါ။

အဲဒီတရားခံပြေးဖြစ်သူကို သက်ဆိုင်ရာက-မယ(ပ)၁၃/ ၂ဝ၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၁/ကျင့် ၅၁၂၊ လမ်းမတော် မြို့မရဲစခန်း (ပ)၉/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့်၅၁၂အမှု ဖွင့်ထားတာဖြစ်ပါတယ်။

အခုအခါမှာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်အနေနဲ့ တရားခံက ကျည်စုသင်္ချိုင်းထဲကိုဝင်ပြေးသွားတယ်လို့ သိရတဲ့အတွက် ပိုက်စိတ်တိုက်ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးလှဝေက ပြောပါတယ်။

adv_banner
adv_banner