ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေ ရပ်ဆိုင်း

ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေတဲ့ တပ်မတော်ရဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုတွေကို လေးလကြာဆောင်ရွက်ပြီးနောက်မှာ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ အခြေအနေတွေ တည်ငြိမ်လာပြီဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ ရဲတပ်ဖွဲ့ရှိရုံနဲ့ရပြီဖြစ်တာကြောင့် ခုလို ရပ်ဆိုင်းလိုက်တာလို့ ဦးသောင်းထွန်းက အဲဒီပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင်း ရဲကင်းစခန်း သုံးခု အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲကိုးဦး ကျဆုံးခဲ့ပြီးနောက်မှာ တပ်မတော်ရဲ့ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ၂၀၁၇ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့က သံတမန်ဟောင်း ဦးသောင်းထွန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner