ယာဉ်တိုက်မှု ဖြစ်ပွားရာက မူးယစ်းဆေးဝါးတွေပါ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၁၂ ရက်က နတ်မြောက်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်တွေဟာ နတ်မောက်မြို့နယ်၊ ပိတောက်ငုတ်လေးကျေးရွာအနီး၊ နတ်မောက်-မကွေးကားလမ်း၊ မိုင်တိုင် အမှတ်(၇၂/၅-၆)တွင် ယာဉ်တိုက်မှုကို သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးဝါးတွေကိုပါ ဖမ်းဆီးရမိတာခဲ့ပါ။

အဲဒီမူးယစ်ဆေးဝါးတွေဟာ ယာဉ်တိုက်မှုဖြစ်စဉ်မှာပါဝင်တဲ့ ဆိုင်ကယ်မောင်းသူ ဇော်ဝင်းက လမ်းဘေးမှာ ရပ်ထားတဲ့ သုံးဘီးဆိုက်ကယ်ကို ဝင်တိုက်မိရာက ဝဲ/ယာလက်ကောက် အရိုးကျိုးဒဏ်ရာ၊ ယာလက်ချောင်းတွေ ပွန်းဒဏ်ရာ၊ ဝဲလက်သန်းပေါက်ပြဲဒဏ်ရာတွေ ရရှိခဲတာကြောင့် နတ်မောက်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ရှာဖွေရာမှာ ဇော်ဝင်းဝတ်ဆင်ထားတဲ့ အင်္ကျီအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၀၀ ပြား သိမ်းဆည်းရမိခဲ့တာပါ။

adv_banner
adv_banner