မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေထဲကို အစိုးရစစ်တပ်ဖွဲ့ ၀င်ရောက်လာမယ် ဆိုရင် စစ်ရေးအရ တုံပြန်သွားမယ်

မွန်ပြည်နယ်မှာ ဖေဖော်ဝါရီလ(၁၅)ရက်နေ့က စလို့ အစိုးရတပ်နဲ့ မွန်ပြည်သစ်ပါတီတပ်ကြား စစ်ရေးတင်း မာလာမှုတွေရှိလာပြီးနောက် မွန်ပြည်သစ် ထိန်းချုပ်ရာ နယ်မြေထဲကို အစိုးရစစ်တပ်ဖွဲ့က ၀င်ရောက်လာမယ်ဆို ရင် စစ်ရေးအရ တုံပြန်သွားမယ် မွန်ပြည်သစ်ပါတီဘက်က ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ထောရောက MCN သတင်းဌာန ရဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို ရေးမြို့အခြေစိုက် ခမရ-၅၈၇က ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေး စက်တစ်လုံး သိမ်းဆည်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

နှစ်(၇၀)အကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပချိန်မှာ စစ်လက်နက်တွေ ကိုင်ဆောင်ပြီး စစ်ရေးမပြဖို့ အစိုးရဘက်က ပြောဆိုခဲ့ပေမယ့် မွန်ပြည်သစ် ပါတီက လက်နက်ကိုင်ဆောင်ပြီး ထုံးတမ်းအစဉ်လာအရ နှစ်စဉ်စစ်ရေးပြခဲ့အတွက် အခုလို အစိုးရတပ်နဲ့ မွန်ပြည်သစ်ပါတီကြား စစ်ရေးတင်းမာ လာခဲ့တာဖြစ်နိုင်လို့လည်း ပြောပါတယ်။

adv_banner
adv_banner