မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ဘွဲ့ရကျောင်းသာ ၃၅ ရာခိုင်နှုန်း အလုပ်မရ

မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် မှ ဘွဲ့ရကျောင်းသား ကျောင်းသူ ၃၅ ရာခိုင်နှုန်း အလုပ်အကိုင် မရရှိသေးဘူးလို့ အဲဒီတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ဖေဖော်ဝါရီ (၁၅) ရက်နေ့က ကျင်းပပြုလုပ်တဲ့ အဲ့ဒီတက္ကသိုလ်ရဲ့ (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

အဲဒီလို ပြောကြားရာမှာတော့ ပါမောက္ခချုပ်က တက္ကသိုလ်အနေဖြင့် ကျောင်းသား ကျောင်းသူတွေ အလုပ်အကိုင်ရရှိစေဖို့ နိုင်ငံခြားသင်္ဘောကုမ္ပဏီ ၂၈ ခု၊ ပြည်ပကုမ္ပဏီ ရှစ်ခုနဲ့ သဘောတူ စာချုပ်တွေ ချုပ်ဆိုကာဆောင်ရွက်နေပြီး လက်ရှိအခြေအနေမှာ (၆၅) ရာခိုင်နှုန်းလောက် အလုပ်အကိုင် ရှာဖွေပေးနိုင်နေတယ်လို့လည်း ပြောဆို လိုက်တာဖြစ်ပါတယ်။

adv_banner