Johns Hopkins တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေကို မြန်မာ သင်တန်းသား/သူ တွေ စေလွှတ်နိုင်ရေး ဆွေးနွေး

Johns Hopkins တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေကို မြန်မာနိုင်ငံမှ သင်တန်းသား/ သူတွေ ပိုမိုစေလွှတ်နိုင်ရေး ကိစ္စကို ဒီကနေ့ မနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်၊ School of Advanced International Studies (SAIS) အရှေ့တောင်အာရှ လေ့လာရေး ဂုဏ်ထူးဆောင် ပါမောက္ခနဲ့အဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်‌ခန်းမမှာပြုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင် အမေရိကန်တက္ကသိုလ်တွေမှ ပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စွမ်းအင်ထုတ်လုပ် နိုင်မယ့် နည်းပညာတွေ ပံ့ပိုးပေးနိုင်မှု ကိစ္စတွေ အပေါ်မှာလည်း ဆွေးနွေးခဲ့ကြပါတယ်။

adv_banner