?bph6

Place your ads here!

နယူးဇီလန်နိုင်ငံမှာ လူမျိုးစုတွေ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြပုံကို သံအမတ်ကြီး ပြောကြား

နယူးဇီလန်နိုင်ငံမှာ လူမျိုးစုတွေအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပုံကို အဲ့ဒီနိုင်ငံ သံအမတ်ကြီး H.E.SteveMarshall က မြန်မာလွှတ်တော်တွေကို ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေက ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနဲ့ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E.SteveMarshall တို့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။

ဒါ့အပြင် အဲ့ဒီတွေ့ဆုံမှုအတွင်းမှာပဲ နယူးဇီလန်နိုင်ငံမှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံတော်အစိုးရရဲ့ ဖွဲ့စည်းပုံတွေ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး နယူးဇီလန်နိုင်ငံက ပေးအပ်နိုင်တဲ့ အကူအညီတွေကို ဆွးနွေးခဲ့ကြတာဖြစ်ပါတယ်။

adv_banner