ကချင်အမျိုးသားညီလာခံ ကျင်းပမယ့် မနောကွင်းနေရာကို ရဲတပ်ဖွဲ့က ၀င်ရောက် တားဆီး

ကချင်ပြည်နယ် ကချင်အမျိုးသားညီလာခံကျင်းပမယ့် မနောကွင်းကို ရဲတပ်ဖွဲ့က ဒီကနေ့ မနက်(၈)နာရီ လောက်ကစပြီး ဝင်ရောက်ပိတ်ဆို့
လိုက်တယ်လို့ နယ်မြေခံ သတင်းထောက်တွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက ကချင်ကိုယ်စားလှယ် (၅၀၀)ကျော် တက်ရောက်နေတဲ့ conference ကို ကချင်ပြည်နယ်လုံဝန်ကြီးအမိန့်နဲ့ ရဲတပ်ရင်း (၂) ရင်းက လာရောက်ပိတ်ဆို့ တားဆီးနေတာလို့လည်း နယ်မြေခံသတင်းထောက်တွေက ပြောပါတယ်။

အခုပိတ်ဆို့လိုက်တဲ့ Kachin National Conference နေရာကို ကချင်အမျိုးသား ညီလာခံကျင်းပမယ့် နေရာတစ်ခုဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ (၁၆)ရက်နေ့ မနက်(၁၁)နာရီအထိ ညီလာခံ မကျင်းပနိုင်သေးသလို (၂၁) ရာစု ပင်လုံညီလာခံတက်ရောက်ဖို့ ကချင်ကိုယ်စားလှယ်အယောက် (၁၀၀) ရွေးချယ်ထားပြီး အဲဒီရွေးချယ် ထားတဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှဲ့ သဘာဝသံယံဇာတအရေး အပါအ၀င် အထွေထွေ ဆွေးနွေးမှုတွေကို ဆွေးနွေးသွားကြမှာလည်းဖြစ်ပါတယ်။

adv_banner