?bph6

Place your ads here!

၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပမယ့်ရက် နောက်ဆုတ် ရွှေ့ဆိုင်း

ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ဖေဖော်ဝါရီလကုန်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ မတ်လကုန်ပိုင်းလောက်မှ ကျင်းပနိုင်တော့ဖွယ်ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

epa05514148 Myanmar soldiers walks in front of a billboard of the Union Peace Conference – 21st century Panglong in Naypyitaw, Myanmar, 29 August 2016. According to reports, members of the party joined the workshop to discuss how to avoid delays for the 21st-Century Panglong Peace Conference; a five-day conference planned kicking off on 31 August, where participants will submit their different discussion topics. EPA/HEIN HTET####################HEIN HTET

လက်ရှိလုပ်ဆောင်နေတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့် အဲဒီလို သတ်မှတ်ရက်ကို နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။

၂၁ ရာစု ပင်လုံညီလာခံကို ခန့်မှန်းခြေ ငါးရက်ကြာ ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၇၀၀ လောက် တက်ရောက်ကြမှာပါ။

၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အခုလ ၂၈ ရက်မှာ ဒုတိယအကြိမ် ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို သက်ဆိုင်ရာဒေသတွေမှာ ပြုလုပ်နေပြီးတော့ အဲဒီကနေ ရလာတဲ့ အချက်အလက်တွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ပင်လုံညီလာခံမလုပ်ခင် အကြိုအနေနဲ့ လုပ်ဆောင်နေတဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့် ညီလာခံကို ခုလို နောက်ဆုတ်လိုက်တာပဲ ဖြစ်ပါတယ်။

adv_banner