ယူနက်စကိုကို တင်သွင်းတဲ့ အမွေအနှစ်စာရင်းမှာ ရွှေတိဂုံစေတီတော်ကို ထည့်ဖို့ ဆွေးနွေးမယ်

0
202

မြန်မာနိုင်ငံက ယူနက်စကိုအဖွဲ့ကို တင်သွင်းမယ့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းမှာ ရွှေတိဂုံစေတီတော်ကို ထည့်သွင်းဖို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်တွေ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့အစည်းနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ဟာ အဲဒီ ဆွေးနွေးမှုကို လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အစည်းအဝေးအတွက် အီတလီအစိုးရက ယူရို ၄၂၀၀၀၀ ငွေကြေး အထောက်အပံ့ပေးထားပြီး ယူနက်စကိုကို မြန်မာနိုင်ငံက တင်သွင်းတဲ့ အမွေအနှစ်စာရင်းထဲမှာ ပါတဲ့ ယဉ်ကျေးမှု နယ်မြေ၊ အဆောက်အဦးတွေကို ပြည်တွင်းပြည်ပ ပညာရှင်တွေက ပြန်လည်သုံးသပ်သွားမှာပါ။ ဒါ့အပြင် အခုအစည်းအဝေးမှာ ရွှေတိဂုံစေတီတော် အပါအဝင် တခြား လျာထားတဲ့ အဆောက်အဦး ဒါမှမဟုတ် နယ်မြေတွေလည်း ယူနက်စကိုအဖွဲ့ကြီးကို တင်ပြမယ့် စာရင်းထဲမှာ ထပ်ထည့်ဖို့ မထည့်ဖို့ကိုပါ ဆွေးနွေးဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

Bagan Balloons at sunrise, Myanmar. This is one of my favorite photos, the complexity of the temples with that one single balloon, it’s almost unreal.

မြန်မာနိုင်ငံအတွင်းက ရှေးဟောင်း ပျူမြို့တွေကို ၂၀၁၄ မှာ ယူနက်စကိုက ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး လက်ရှိမှာတော့ ပုဂံ ရှေးဟောင်းသုတေသန နယ်မြေ၊ ဘုရားပုထိုးတွေနဲ့ ခါကာဘိုရာဇီ ရေခဲတောင်တို့ကို ရှေးအဟောင်းအမွေအနှစ်စာရင်းမှာ ပါရှိဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ယူနက်စကိုအဖွဲ့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ တင်ပြတဲ့ စာရင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ တစ်ကြိမ်မှာ ပြင်ဆင်တာမျိုးမရှိခဲ့ဘဲ့ ၂၀၁၄ ခုနှစ်ကျမှသာ ပြန် ပြုစုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ကျင်းပမယ့်အစည်းအဝေးမှာ ယူနက်စကိုကို တင်ထားတဲ့ စာရင်းထဲက ယဉ်ကျေးမှုနယ်မြေတွေကို သုံးသပ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်ထိန်းသိမ်းမှုဆိုင်ရာ ၁၉၇၂ ကွန်ဗင်းရှင်း လမ်းညွှန်ချက်တွေနဲ့အညီ အနည်းဆုံး ၁၀ နှစ်အတွင်း အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ပြည်လမ်း၊ ၆ မိုင်ခွဲ မှာရှိတဲ့ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ရုံးခန်းမှာ နှစ်ရက်ကြာ ပြုလုပ်မယ့် အဲဒီ အစည်းအဝေးကို နှစ်ပိုင်းခွဲ ကျင်းပမှာဖြစ်ပြီး ဒုတိယအပိုင်းမှာတော့ ရှေးဟောင်းအမွေအနှစ် နယ်မြေနဲ့ အဆောက်အဦးတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။