နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုသူဆီက စိတ်ကြွဆေးပြားတွေ ဖမ်းမိ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် စည်ပင်ရိပ်သာမှာ ဇန်နဝါရီ ၁၂ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ ဖမ်းဆီး ရမိခဲ့ပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အဆောင်(၂) အခန်း(၆)မှာ တည်းခိုနေထိုင်တဲ့ မလဖိုင်နိုင်ရွယ်(ခ) မသီတာအောင်ဆိုသူဆီမှာ ဖမ်းဆီးရမိခဲ့တာပါ။

ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မ ရဲစခန်းက ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှာ သတင်းအရ မလဖိုင်နိုင်ရွယ်(ခ) မသီတာအောင်ရဲ့အဆောင်ကို သွားရောက်စစ်ဆေးရာမှာ မသီတာဆောင်က အဆောင်တံခါးပိတ်ပြီး အပြင်သွားဖို့ ပြင်ဆင်နေတာနဲ့ကြုံတဲ့အတွက် ရှာဖွေစစ်ဆေးခဲ့ရမှာ လွယ်အိတ်အတွင်းက ပန်းရောင်စိတ်ကြွဆေးပြား ၂၄၈ ပြားနဲ့ အစိမ်းရောင် စိတ်ကြွဆေးပြား ၂ ပြား စုစုပေါင်း ၂၅၀ ပြား တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆေးပြားတွေကို ကြူကုတ်မြို့၊ ပန်ဆိုင်းကျေးရွာမှာ နေတဲ့ မအိုက်ရှန်ဆိုသူဆီက ဆေးပြား ၂၅၀ ပါ တစ်ထုပ်ကို တစ်သောင်းခွဲကျပ်နဲ့ ဝယ်ယူပြီး တစ်ပြား ငွေ ၂၀၀၀ ထောင်နဲ့ တစ်ဆင့်ပြန်လည်ရောင်းချနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner