အောင်လအန်ဆန် ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ထိုးသတ်ခွင့်ရ

မြန်မာ့ပြည်ဖွား ကစားသမား အောင်လအန်ဆန်ဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံလုပွဲကိုယှဉ်ပြိုင်ထိုးသတ်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ ဘက်စုံကိုယ်ခံပညာသုံး MMA အားကစားနည်းနဲ့နာမည်ကျော်ကြားခဲ့တာပါ။

ကချင်တိုင်းရင်းသား အောင်လအန်ဆန်ရဲ့ပထမဆုံးကမ္ဘာ့ချန်ပီယံလုပွဲကို ဇန်နဝါရီလ ၁၄ ရက် ဒီကနေ့ ညပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အောင်လအန်ဆန်ယှဉ်ပြိုင်မယ့် MMA ပြိုင်ပွဲမှာ တွဲဆိုင်းကိုးပွဲ ပါဝင်မှာဖြစ်ပြီး အောင်လအန်ဆန်နဲ့ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရ်ုတို့ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို Main Event အဖြစ် ကျင်းပသွားမှာပါ။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်လုပွဲအဖြစ် ဗစ်တာလီနဲ့ အခြားကစားသမားတစ်ဦး ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် ပိုလန်ကစားသမားဟာ ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့အတွက် အောင်လအန်ဆန်က အစားထိုး ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။