စနစ်သစ်နဲ့ပြေးဆွဲမယ့် ယာဉ်လိုင်းနံပါတ်နဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ စတင်တပ်ဆင်

ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးကဏ္ဍကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်တော့မှာဖြစ်တာကြောင့် စနစ်သစ်နဲ့ပြေးဆွဲမယ့် ယာဉ်လိုင်းနံပတ်တွေနဲ့လမ်းညွန်ဆိုင်းဘုတ်တွေကို စတင်တပ်ဆင်နေပြီဖြစ်ပါတယ်။

ခရီးသည်ယာဉ်လိုင်းတွေအနေနဲ့အမှတ်၁မှ၆၁အထိသတ်မှတ်ယာဉ်လမ်းကြောင်းတွေအတိုင်းပြေဆွဲကြမှာပါ။

အဲဒီယာဉ်တွေရဲ့ သတ်မှတ်နံပါတ်၊ အရောင်နဲ့ ခရီးလမ်းကြောင်းတွေကို လမ်းညွန်ဆိုင်းဘုတ်တွေမှာ ဖော်ပြထားပြီး အဲဒီဆိုင်းဘုတ်တွေကို ဘတ်စ်ကားမှတ်တိုင်တွေမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က စတင်ပြီး လိုက်လံတပ်ဆင်နေပြီဖြစ်ပါတယ်။