ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် လိုက်ထရပ်တစ်စီး တိမ်းမှောက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၄ အနီးမှာ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက လိုက်ထရပ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့တဲ့အတွက် ကားပေါ်က လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီယာဉ်ဟာ နေပြည်တော်ကနေ မန္တလေးကို အလာမှာ နံနက် ၁၀ နာရီ ၁၀ မိနစ်က တံတားမြို့နယ် စကားအင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၄ မိုင် ၂ ဖာလုံနဲ့ ၃ ဖာလုံကြားအရောက်မှာ ယာဉ်မောင်း အောင်မြင့်(၅၀ နှစ်) အိပ်ငိုက်ခဲ့တာကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းမညာဘက်မြေသားလမ်းပေါ် ရောက်ရှိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်မတော်တဆမှုသတင်းအရ စကားအင်းအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်သိန်းဗိုလ်က ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ရာမှာ ယာဉ်ပေါ်မှာပါတဲ့ ယာဉ်မောင်း အောင်မြင့်မှာ ဝဲ/ယာ ချိုစောင်းပေါက်ပြဲ၊ ဝဲဘက်လက်ဖျံ ပွန်းပဲ့ဒဏ်ရာ (အတွင်းလူနာ)နဲ့ ယာဉ်ပေါ်လိုက်လာတဲ့ သက်ထွေးဆွေ ၂၄ နှစ်မှာ ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာ(အတွင်းလူနာ)တို့ ရရှိကြောင့် တွေ့ရှိခဲ့တာကြောင့် အမြန်လမ်းတပ်ဖွဲ့ပိုင် ယာဉ်နဲ့ တံတားဦးဆေးရုံကို ပို့ဆောင်ပြီး ကုသပေးခဲ့ပါတယ်။ ယာဉ်ရဲ့ပျက်စီးဆုံးရှုံးမှုကလည်း ခန့်မှန်း ကာလတန်ဖိုး ၁၀ သိန်းခန့်ရှိတယ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်မြင့်ကို စကားအင်းအမြန်လမ်းမကြီး ရဲစခန်းမှာ ယာဉ်(ပ) ၂/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

adv_banner
adv_banner