ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အမေရိကန်၊ တရုတ် သံအမတ်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်ေထာင်စု ရွေးကောက်ပွဲကော်မရှင် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွေက သံအရာရှိတွေနဲ့ သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

UEC

ကော်မရှင်ဥက္ကဌ ဦးလှသိန်းက မြန်​မာနိုင်​ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr.Hong Liang ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက မြန်​မာနိုင်​ငံ ဆိုင်ရာ အမေရိကန် သံရုံး မှ ဒုတိယအတွင်းဝန် Mr.Mark Maloney ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ကို ဇန်န၀ါရီလ ၁၂ ရက်နေ့က သီးခြားစီလက်ခံတွေ့ဆုံမှုတွေ ရှိခဲ့တာပါ။

UEC4

ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner