ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ် ၅ ခုမှာ မသန်စွမ်းတွေအတွက်စံပြမဲရုံတွေ ထားရှိပေးမယ်

ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ် ၅ ခုမှာ မသန်စွမ်းတွေအတွက် စံပြမဲရုံတွေ ထားရှိပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။

By-Election

ဇန်န၀ါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းနဲ့ မြန်​မာနိုင်​ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI) က ပုဂ္ဂိုလ်တွေ တွေ့ဆုံစဉ်မှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

မသန်စွမ်းတွေအတွက် စံပြမဲရုံတွေကို ချင်းပြည်နယ်ထဲက ထန်တလန်၊ ရန်ကုန်တိုင်းဒေသကြီးထဲက ကော့မှူး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မုံရွာမြို့နယ်တွေမှာ ထားရှိပေးဖို့ သဘောတူညီမှု ရရှိခဲ့တာလို့ မြန်​မာနိုင်​ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI) ရဲ့ အမှုဆောင်အရာရှိချုပ် ကိုနေလင်းစိုးက ပြောပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုလည်း MCN သတင်းဌာနနေ တင်ဆက်ပေးမယ့် Streamiz Show အစီအစဉ်မှာရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

adv_banner
adv_banner