?bph6

Place your ads here!

ရခိုင်ပြည်နယ်မှာ အကူအညီတွေပေးဖို့ ထိုင်းနိုင်ငံက အမေရိကန်ဒ်ါလာ ၂ သိန်း လှူဒါန်း

ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ အမေရိကန် ဒေါ်လာ ၂ သိန်း လှူဒါန်းလိုက်ပါတယ်။

Thai

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအတ်ကြီး H.E Mr. Pisanu Suvanajata က ဒီကနေ့ နံနက် ၁၁ နာရီအချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်ပြီး လှူဒါန်းခဲ့တာပါ။

Thai2

အလှူငွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာ ဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးအတွက် ဖွင့်လှစ်ထားတဲ့ ငွေစာရင်းထဲကို ထိုင်းနိုင်ငံရဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၂ သိန်း လွှဲပြောင်းသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အကူအညီတွေ ပေးအပ်ရာမှာ သုံးစွဲဖို့ ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

adv_banner