?bph6

Place your ads here!

စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာ့ တပ်မတော်အနေနဲ့ စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာပါဗလိုကလင်းကင်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်ရှိဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ်အခုလိုပြောကြားလိုက်တာပါ။

15965892_1444509095583574_7573193696644313920_n

ဧည့်သည်တော်ဝန်ကြီးက သူရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ လုပ်ဆောင်ဖို့အတွက်ဖြစ်ပြီး မြန်မာ့တပ်မတော် အနေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ပြည်ပ စိန်ခေါ် မှုတွေရှိနေတာကို သိရှိပြီး ယူကရိန်းနိုင်ငံမှာလည်း အဲဒီလို စိန်ခေါ်မှုတွေရှိနေပြီး၊ မြန်မာ့ တပ်မတော် အနေနဲ့ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မစ္စတာ ပါဗလိုကလင်းကင်ကပြောကြားခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့အတွက် လုပ်ဆောင်နေမှု အခြေအနေတွေ တပ်မတော် အနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ တပ်မတော်တွေနဲ့ ချစ်ကြည် ရင်းနှီးစွာဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။

adv_banner