စီဗွီတီသက်မွေးမှု အတတ်ပညာကျောင်းကို လာမယ့် ပညာသင်နှစ်မှစပြီး အသုံးပြုနိုင် တော့မယ်

ဆွစ်ဇာလန်ဖွံ့ဖြိုးရေး အေဂျင်စီရဲ့ အထောက်အပံ့နဲ့ အကောင်အထည်ဖော် တည်ဆောက်နေတဲ့ စီဗွီတီသက်မွေးမှုအတတ် ပညာသင်တန်းကျောင်းကြီးကို လာမယ်ပညာသင်နှစ်မှစပြီးအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ စီဗွီတီသက်မွေးမှုအတတ် ပညာသင်တန်းကျောင်းမှ စီအီးအေဒေါ်ခင်မြတ်စန္ဒာက ပြောပါတယ်။

16111759_1053035094823504_1682889951_n

အဲဒီကျေင်းကြီးကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မေခအိမ်ရာအတွင်းမှာ တည်ဆောက်နေတာပါ။ သင်တန်းကျောင်းကြီး ပြီးစီးသွားပါက နှစ်စဉ်သင်တန်းသား ၅ဝဝ မှ ၁ဝဝဝ အထိ သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။ သင်တန်းကျောင်းဟာ ပြည်တွင်းရှိ ကုမ္ပဏီအသီးသီးမှ စေလွှတ်ခြင်း ခံရတဲ့ ဝန်ထမ်းတွေကို အခကြေးငွေမယူဘဲ သင်ကြားပေးနေတဲ့ သင်တန်းကျောင်း ဖြစ်ပြီး ယခုအခါ သင်တန်းတွေအတွက် လျှောက်လွှာ လက်ခံလျက်ရှိကာ မတ်လကုန်နဲ့ မေလဆန်းမှာ ကျောင်းတွေ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းကျောင်းဟာ တစ်ပတ်မှာ တစ်ရက်သာတက်ရပြီး ကျန်ရက်တွေမှာ ကိုယ့်ရဲ့လုပ်ငန်းမှာပဲလုပ်ကိုင်ရကာ သုံးနှစ်တက်ရတဲ့ သင်တန်းဖြစ်တွေ ဖြစ်ပါတယ်။ အဓိကအနေနဲ့ စီးပွားရေးအထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်း၊ ပရိဘောဂ ပြုလုပ်မှုအတတ်ပညာ သင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှုအတတ်ပညာ သင်တန်းတွေဖြစ်ပါတယ်။

adv_banner